ဂန့်ဂေါ ၃၀ ဧပြီ
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီသင်တန်းအဖြစ် ဖွင့်လှစ်ခဲ့သည့် စားပွဲတင်တင်းနစ် သင်တန်းဆင်းပွဲကို ဧပြီ ၃၀ ရက် နံနက် ၈ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်ရာ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူး ဦးဇော်ဝင်းကို က အမှာစကားပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် တစ်ဦးချင်းထူးချွန်ဆုများ၊ နှစ်ယောက်တွဲ ထူးချွန်ဆုများ၊ နှစ်သိမ့်ဆုတို့ကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးဇော်ဝင်းကို၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေး၊ အား/ကာနည်းစနစ်မှူး ဦးဌေးဝင်း၊ BOOK CLUB ဥက္ကဌ ဦးအောင်စိုးမင်းတို့က အသီးသီးချီးမြှင့်ကြသည်။
ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးက သင်တန်းသားအားလုံးအား အားကစား ဝတ်စုံများထောက်ပံ့ပေးအပ်ကြောင်းနှင့် အားကစားဝတ်စုံများကို မြို့မရပ်ကွက်နေ ဦးခင်မောင်သိန်းနှင့် ဒေါ်ဝင်းဝင်းသူ မိသားစု က ထောက်ပံ့လှူဒါန်းကြောင်း သိရသည်။
စိန်ကျော်


