မိုးနဲ ၂ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် နွေရာသီကာလရေရှားပါးမှုမဖြစ်ပေါ်စေရေးနှင့် ပြည်သူများသန့်ရှင်းသော သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေလျက်ရှိသော လွိုင်မြေရပ်ကွက်ရှိ နောင်လုံနတ်ရေကန်နှင့် ဥယျာဉ်ရပ်ကွက်ရှိ နတ်ရေကန် အတွင်းအပြင်ရှိ ပေါင်းမြက်များ ၊သစ်ကိုင်းများ ၊သစ်ရွက်ခြောက်များ ၊ရေမှော်များ ဖယ်ရှားရှင်းလင်းခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါရေကန်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မိုးနဲမြို့နယ် ခမရ ၅၁၈ တပ်နယ်၊ ခလရ ၂၄၈ ၊ အမှတ် ၃၆၃ အမြောက်တပ်တို့မှ တပ်နယ်မှူး၊ တပ်ရင်းမှူးများ၊ အရာရှိစစ်သည်နှင့် မိသားစုဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ပညာရေးဌာနမှ ဆရာ ဆရာမများ၊ ဒေသခံပြည်သူများအင်အား ၃၀ဝ ခန့်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား စစ်ဗျူဟာအဖွဲ့ (အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်ထွေး နှင့်မိုးနဲတပ်နယ်မှ တာဝန်ရှိသူများ၊ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက် တို့ကလာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


