လယ်ဝေး ၁ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လယ်ဝေးမြို့နယ်ရုံးမှ နွေရာသီသောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ နှစ်စဉ်ရေလှူဒါန်းလျက်ရှိရာ ဧပြီနောက်ဆုံးပတ်က လသာကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့သည်။
လယ်ဝေးမြို့နယ် ဇလီငှက်ကြီးတောင်အုပ်စု လသာကျေးရွာသို့ ဧပြီ(၁၁)ရက်က ပထမအကြိမ်ဂါလံ (၁၆၀ဝ)လှူဒါန်းခဲ့ပြီး ယနေ့ ဒုတိယအကြိမ်အဖြစ် သောက်သုံးရေ ဂါလံ(၂၄၀ဝ) လှူဒါန်းခဲ့သည်။ လယ်ဝေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရေရှားပါးသည့် လသာကျေးရွာအား မေလကုန်အထိ သောက်သုံးရေများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ရီရီပြုံးထံမှ သိရသည်။
လယ်ဝေးမြို့နယ်အတွင်း နွေရာသီသောက်သုံးရေရှားပါးသည့် ကျေးရွာများအနေဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ရေရရှိရေးဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။
မောင်မွှေး


