နေပြည်တော် ၁၈ မတ်

နေပြည်တော် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးငယ်များ၏ နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ ပန်းချီသင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပခဲ့သည်။    

 

3

 

သင်တန်းသို့ ဇေယျာသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်အနီးရှိ ရွှေတွင်းကုန်းကျေးရွာ၊ ဗောဓိမြိုင် ကျေးရွာ၊ သာစည်ကျေးရွာနှင့် သက်နှင်းအင်းကျေးရွာများမှ ကျောင်းသား/ကျောင်းသူကလေးငယ် စုစုပေါင်း (၅၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၁၈  ရက်နေ့မှ ၁၉ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ပိ်ု့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းလင်း (ပြန်/ဆက်)