ငါန်းဇွန် နိုဝင်ဘာ ၁၂

 

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းစိစစ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်ရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်နောင်ဦး(ငါန်းဇွန်)