နေပြည်တော် ၁၈ မေ

 

ယနေ့ ညနေ ၄ နာရီ ၈ မိနစ်ခန့်က ငဖဲမြို့၏ အနောက်တောင်ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၀.၀၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၃)ဒီဂရီ၊ အနက် (၃၅)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

 

MDN