ငပုတော ၆ မတ်


ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းတို့က အမှာစကားများ ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းမှာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မား လာစေရန်နှင့် မိမိတို့ဒေသ၌ အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုအနေဖြင့် ရပ်တည်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျေးရွာ ၅ ရွာမှ သင်တန်းသား ၂၅ ဦးအား မတ်လ ၆ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ သင်တန်းဆရာနှစ်ဦးမှ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လှမင်းထွဋ်(ပြန်/ဆက်)