ငါ့သရောက် ၆ မတ်        


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ထန်းပေါက်ကုန်းကျေးရွာတွင် အဝီစိစက်ရေတွင်း ချို့ယွင်းသွားသဖြင့် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ မတ် ၅ ရက်တွင် ငါ့သရောက်မြို့ မီးသတ်စခန်းမှ တာဝန်ရှိသူများက ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ငါ့သရောက်မြို့ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်တေဇနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဂါလံ ၃၂၀ဝ ဆံ့ မီးသတ် ရေသယ်ယာဉ်တစ်စီးနှင့် ကျေးရွာရှိ ရေလှောင်အုတ်ရေကန်အတွင်း ရေဖြည့်တင်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စု ၂၇၁ စု၊ လူဦးရေ ၁၁၇၆ ဦးအား စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 


ယခုကဲ့သို့ သောက်သုံးရေရှားပါးမှု အခက်ကြုံနေစဉ် ငါ့သရောက်မြို့မီးသတ်စခန်းမှ သောက်သုံးရေများ လာရောက်လှူဒါန်းပေးသည့်အတွက် ထန်းပေါက်ကုန်း ကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများအနေဖြင့် ဝမ်းသာပျော်ရွှင်လျက် ရှိနေကြကြောင်းနှင့် ချို့ယွင်းပျက်စီးနေသည့် အဝီစိစက်ရေတွင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်ရန် မျှော်လင့်လျက်ရှိနေကြကြောင်း ထန်းပေါက်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုထူး ထံမှ သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)