ခတ္တမန္ဒူ   ဇူလိုင်   ၂၂

နီပေါနိုင်ငံ၏ လျှပ်စစ်ယာဉ်တင်သွင်းမှုမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်းမြင့်တက် လာသည်ဟု အကောက်ခွန်ဦးစီးဌာနက ဇူလိုင် ၂၂ ရက်တွင် ပြောသည်။

၇၅ ဒသမ ၂ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှဖြစ်

နီပေါနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၃၀ တန်ဖိုးရှိ လေးဘီးတပ် လျှပ်စစ်ယာဉ် ၁၃၅၇၈ စီး တင်သွင်းခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လေးဘီးတပ် လျှပ်စစ် ယာဉ်တင်သွင်းမှု ၁၁၇၀၁ စီးသာရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ နှစ်လယ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ လျှပ်စစ်ယာဉ်တင်သွင်းမှုများအနက် ၇၅ ဒသမ ၂ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း၊ ၂၄ ဒသမ ၈ ရာခိုင်နှုန်းကို အိန္ဒိယ၊ ဂျာမနီ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံ များမှဖြစ်ကြောင်း သိရသည်။

သုံးဘီးတပ်လျှပ်စစ်ယာဉ်များလည်း တင်သွင်းခဲ့

နီပေါနိုင်ငံသည် လေးဘီးတပ်လျှပ်စစ်ယာဉ်များအပြင် သုံးဘီးတပ်လျှပ်စစ်ယာဉ် ၁၆၅၀၅ စီးကို လည်း တင်သွင်းခဲ့ကြောင်း သိရသည်။                             

ဆင်ဟွာ