ဇူလိုင် ၁၇

 

နီပေါနိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သောသုံးလအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၉၃ ဦး ရှိကြောင်း အစိုးရအဖွဲ့က ယနေ့တွင် ပြောကြားသည်။

 

ဧပြီ ၁၄ ရက်မှ ဇူလိုင် ၁၆ ရက်အတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် ၂၂ ဦး ပျောက်ဆုံးလျက်ရှိပြီး အခြား ၄၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားအဆင့် သဘာဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားထားသည်။

 

အဆိုပါ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုကြောင့် ၄၁၃၄ ဦး  ထိခိုက်ခဲ့ပြီး မိုးကြိုးပစ်ခံရမှုကြောင့် ၂၆ ဦးသေဆုံးပြီး မီးဘေးကြောင့် ၁၄ ဦးနှင့် ရေဘေးကြောင့် ၁၃ ဦး အသီးသီးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို