ခတ္တမန္ဒူ   ဇွန်  ၃

နီပေါနိုင်ငံသို့ မေလတွင် နိုင်ငံတကာခရီးသွားဝင်ရောက်မှု  စုစုပေါင်း ၈၆၂၁၆ ဦးရှိခဲ့ပြီး   ယမန်နှစ် ကထက်   ၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နီပေါခရီးသွား လုပ်ငန်းဘုတ်အဖွဲ့က ဇွန် ၂ ရက် တွင် ပြောသည်။

နီပေါနိုင်ငံသို့  တရုတ်နှင့်  အမေရိကန်နိုင်ငံတို့မှ ခရီးသွားများဝင်ရောက်မှုမြင့်တက်မှုရှိခဲ့သော်လည်း အိန္ဒိယနိုင်ငံမှ   ခရီးသွားဝင်ရောက်မှု   သိသိသာသာကျဆင်းခဲ့သည်ဟု ဆိုသည်။ နီပေါနိုင်ငံသို့ လာရောက်လည်ပတ်သည့်   အိန္ဒိယခရီးသွားအရေအတွက်မှာ ၂၀၂၄ ခုနှစ် မေလက ၃၈၂၈၈  ဦး ရှိခဲ့သော်လည်း  ယခုနှစ်မေလတွင်  ၂၈၁၆၀  သာ ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလအထိ နီပေါနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွား အရေအတွက်  စုစုပေါင်း  ၅၀၁၂၆၄ ဦး  ရှိကြောင်း နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ပြောသည်။                     

ဆင်ဟွာ