နေပြည်တော် အောက်တိုဘာ ၁၈

 

နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

 

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင ့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေး းစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ န်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကိုကိုးကျွန်း တပ်နယ်မှ အရာရှိ၊ စ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြား ရာတွင် ကိုကိုးကျွန်းမြို့နှင့် သွားလာဆက်သွယ်မှု အဆင်ပြေ စေရေးအတွက် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းနှင့် သင်္ဘောကြီးများ ဆိုက်ကပ်ရပ်နားနိုင်သည့် ဆိပ်ခံတံတားကို တည်ဆောက်ပေးခဲ့ပြီး ယခင်ကထက် များစွာတိုးတက်ကောင်းမွန်လာပြီ ဖြစ်ကြောင်း၊ ကိုကိုးကျွန်းသည် မိမိတို့နိုင်ငံအတွက် ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိသောကြောင့် ကိုကိုးကျွန်းတပ်နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် များသာမက မိသားစုဝင်များအနေဖြင့် လည်း အမြဲလုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြ ရန်လိုကြောင်း။

 

တပ်မတော် ဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်သည့် အဖွဲ့အစည်းဖြစ်ပြီး အဆင့်အလိုက် တာဝန်ထမ်းဆောင်နေကြသူများအားလုံးက ကာကွယ်ရေးအမြင်များရှိရန် လိုကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ အမြဲတိုက်ပွဲဝင် သင့်ဖြစ်စေရေး ကြိုတင် လေ့ကျင့်ပြင်ဆင်ခြင်းများကို ဆောင်ရွက် နေရန်လိုပြီး ကျန်းမာကြံ့ခိုင်နေရန်၊ ရဲစွမ်းသတ္တိရှိရန်နှင့် ကျွမ်းကျင်မှုများရှိရန် ဆောင်ရွက်ပြီး အမြဲ Combat Ready ဖြစ်စေရေး ဆောင်ရွက်နေရန် လိုကြောင်း။

ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် တပ်မတော်သားတစ်ဦး နေ့စဉ်ဆောင်ရွက်ရမည့် ကိုယ်လက် ကြံ့ခိုင်မှုလေ့ကျင့်ခန်းများကို အမြဲဆောင်ရွက်နေရန် လိုကြောင်း၊ ရဲစွမ်းသတ္တိရှိရန်အတွက် မြန်မာ့ ရိုးရာသိုင်း၊ လက်ဝှေ့နှင့် အခြားကိုယ်ခံပညာရပ်များကို အမြဲလေ့ကျင့်ဆောင်ရွက်နေရန် လိုကြောင်း၊ ရဲစွမ်းသတ္တိရှိခြင်း ဆိုသည်မှာ အများအကျိုးအတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ် များကို သတ္တိရှိစွာဖြင့် ပြတ်ပြတ်သားသား တာဝန်ထမ်းဆောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရဲစွမ်းသတ္တိ ရှိစေရေး မိမိကိုယ်ကိုလေ့ကျင့်နေရန်လိုကြောင်း၊ ကျွမ်းကျင်မှုနှင့်ပတ်သက်၍ မိမိတို့ ကိုင်တွယ် အသုံးပြုရသည့် က်နက်၊ ခဲယမ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အသုံးပြုနိုင်ရေးနှင့် မြဲအသင့် ဖြစ်နေစေရေး စဉ်ဆက်မပြတ် လေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း။

 

အလားတူ နေ့စဉ်ဆောင်ရွက် နေရသည့် ဦး၊ ရေး၊ ထောက် ဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များကိုလည်း အမြဲစနစ်တကျ ဆောင်ရွက် နေမည်ဆိုပါက စည်းကမ်းကောင်းမွန်သည့် တပ်များဖြစ်လာမည် ဖြစ်ကြောင်း၊ နေ့စဉ်ဆောင်ရွက် ရမည့် သမားစဉ်လုပ်ငန်းများကို မပျက်မကွက် လုပ်ဆောင်နေမည် ဆိုပါက အရည်အချင်းရှိသည့် တပ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Check Recheck Counter Check ဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင် ရာများနှင့် ပတ်သက်၍ ကြပ်မတ် ကွပ်ကဲရသူများအနေဖြင့် စနစ် တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုသကဲ့သို့ လိုက်ပါဆောင်ရွက်ရ သူများအနေဖြင့်လည်း စည်းကမ်း စနစ်တကျဖြင့် လိုက်နာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရာရှိ၊ စစ်သည်များ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများ မဆုံးရှုံးစေရေး တာဝန်ရှိသူများအနေဖြင့် စနစ် တကျဖြင့် ဆောင်ရွက်ပေးနေရန် လိုကြောင်း။

 

မိမိတို့၏ ကျန်းမာရေးနှင့် လူမှုဘဝကို ထိခိုက်စေနိုင်သည့် အရက်သေစာ သောက်စားခြင်း များနှင့် အပျော်အပါးလိုက်စားခြင်း များကို တတ်နိုင်သမျှရှောင်ကြဉ် ရန်လိုကြောင်း၊ အသုံးအစွဲချွေတာ သုံးခြင်းဖြင့် မိမိတို့၏ ဝင်ငွေနှင့် ထွက်ငွေများ မျှတအောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူ ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိ မှုကို များစွာအထောက်အကူပြုစေနိုင်သဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကို ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

 

စိတ်ဓာတ်ပိုင်း ဆိုင်ရာနှင့် ပတ်သက်၍ အားကစားပြိုင်ပွဲများ၊ ကြံ့ခိုင်ရေးပြိုင်ပွဲများ၊ သဲသောင်ပြင် အပြေးပြိုင်ပွဲများ ကျင်းပခြင်း၊ ရုပ်ရှင်များပြသခြင်း၊ ရာသီ အလိုက်ပွဲတော်များ ကျင်းပပေး ခြင်းများကို ဆောင်ရွက်ပြီး အရာရှိ၊ စ်သည်၊ မိသားစုများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရန် လိုကြောင်း။

 

နိုင်ငံရေးနှင့် ပတ်သက်၍ မိမိတို့ အနေဖြင့် နိုင်ငံတော်၏ အခြေအနေ အရ ၂၀၂၁ ခုနှစ်မှ စတင်၍ နိုင်ငံတော်၏ တာဝန်ကိုယူခဲ့ရ ကြောင်း၊ ရွေးကောက်ပွဲကိုလည်း မကြာမီအချိန်အတွင်း ကျင်းပပေး သွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင်လည်း မိမိတို့ဒေသနှင့် နိုင်ငံ၏အကျိုးကို အမှန်တကယ် လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုက်နာသည့် သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ် ရေးအမြင်ရှိသူကို ရွေးချယ်ကြရန် လိုကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်ရန်အတွက် မဖြစ် မနေလိုအပ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဝိုင်းဝန်း ောင်ရွက်ပေးကြစေလိုကြောင်း။

 

မိမိတို့နိုင်ငံတွင် ပညာတတ် လူသားအရင်းအမြစ်များ ပေါများ ကြွယ်ဝစေရေး နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံရေး အခြေအနေ အရ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းဖြစ် ကြောင်း၊ မိမိတို့ အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုလေ့လာခြင်းများကို ဆောင်ရွက်ကြစေလို ကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိတို့ဘဝ တိုးတက်စေရေး အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း၊ စာပေများဖတ်ရှုလေ့လာပြီး အသိပညာ၊ အတတ်ပညာများ တတ်ကျွမ်း အောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ သားသမီးများအား ပညာတတ်များဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအတွက် စားသောက် ဖွယ်ရာများကို လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဇနီးက တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရန်ပုံငွေများကို လည်းကောင်း ပေးအပ်ရာ ရေတပ်ဌာနချုပ်မှူးနှင့် ဇနီးတို့က လက်ခံရယူကြသည်။

 

ယင်းနောက် ကော်မရှင်အတွင်း ရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်နယ်ရှိ နွားမွေးမြူရေးခြံအတွင်း ဒေသနွားများ မွေးမြူထားရှိမှုများ ကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျွန်းပတ်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြပြီး ဗျိုင်းကျွန်းနှင့် ဂျယ်ရီကျွန်း ဆက်လမ်းဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကိုကိုး ကျွန်းပေါ်ရှိ မြေလွတ်နေရာများ၌ မျိုးကောင်းသည့် အုန်းပင်များကို စနစ်တကျဖြင့် အကွက်ချစိုက်ပျိုး ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ပင်လယ်ရေမှ စိုက်ပျိုးရေထုတ်ယူသုံးစွဲ နိုင်ရေး သုတေသနပြု ဆောင်ရွက် ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်း ဌာနချုပ် ကိုကိုး စိုက်ပျိုးရေးခြံသို့ ရောက်ရှိကြပြီး ကိုကိုးပင်များ ရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကိုကိုးပင်များကို ယခုထက် ပိုမို တိုးတက် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်၊ ထိုမှတစ်ဆင့် မြေနိမ့်ကော်ဖီကို စမ်းသပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်