နေပြည်တော် ၂ မတ်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းနှင့်အဖွဲ့သည် တောင်အာဖရိကနိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများ၏ အခန်းကဏ္ဍများကို မတ် ၂ ရက်မှ ၁၀ ရက်အထိ သွားရောက်လေ့လာရန် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြိ်ု့သို့ ယနေ့ နံနက် ၂ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ထွက်ခွာရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းနှင့်အတူ အဖွဲ့ဝင်များအဖြစ် ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ညွှန်ကြားရေးမှူး ဦးညီညီလွင်တို့ လိုက်ပါသွားကြကြောင်း သိရသည်။
(သတင်းစဉ်)


