မန္တလေး  ၁  ဧပြီ

နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပြပွဲကြီးကို မေ ၃ ရက်မှ ၅ ရက်ထိ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၆)လမ်းနှင့် (၇၁)လမ်းဒေါင့်ရှိ မြို့တော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပြပွဲကာလအတွင်း ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ ဆရာဝန်ကြီးများကိုယ်တိုင် နေ့စဉ်ကျန်းမာရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများနှင့်အတူ ကျန်းမာရေးစစ်ဆေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းများကို အခမဲ့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)