ရန်ကုန် ၃၀ ဧပြီ
    

 

အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် စက်ဘီး၊ မသန်စွမ်းနှင့် ရိုးရာလက်ဝှေ့ အားကစားအသင်းများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တွေ့ဆုံအားပေးစကား ပြောကြားသည်။
    

 

တွေ့ဆုံပွဲတွင် အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်မှုများကို ရှင်းလင်းတင်ပြကြသည်။
    

 

ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ပြိုင်ပွဲဝင်အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် လေ့ကျင့်ပြင်ဆင်ထားသည့် စံချိန်များထက် မနိမ့်ကျဘဲ ပိုမိုကောင်းမွန်သောရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် မိမိရရှိထားသည့် စံချိန်ထက်သာလွန်အောင် အကောင်းဆုံး ယှဉ်ပြိုင်ရန်ပြောကြားပြီး ပြိုင်ပွဲဝင်အားကစား အဖွဲ့ဝင်များ၊ အုပ်ချုပ်သူ နည်းပြများကို နှုတ်ဆက်အားပေးခဲ့သည်။

 


(သတင်းစဉ်)

 

ိိိ