နမ့်စန်  အောက်တိုဘာ   ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်၌ အသက်ငါးနှစ်မှ ခုနစ်နှစ်  KG   ကျောင်းသား ကျောင်းသူများအား  ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) နှင့်  အသက်ကိုးနှစ်၊  ၁၀ နှစ်  မိန်းကလေးကျောင်းသူများကို  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)  စတင်ထိုးနှံခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကအမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့ဦး) ပညာရတနာခန်းမတွင်ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က ကျောင်းသား ကျောင်းသူများအား ဆုံဆို့မေးခိုင် ရောဂါ ကာကွယ်ဆေး(DT)နှင့်   သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြောကြားသည်။

ထို့နောက်    မြို့နယ်ဆရာဝန်ကြီး   ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက  အထက-ခွဲ(မြို့ဦး)ရှိ  KG ကျောင်းသား ကျောင်းသူ ၈၄ ဦးအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် အသက် ကိုးနှစ်၊ ၁၀ နှစ်အရွယ် ကျောင်းသူ ၄၄ ဦးကို   သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အထက-ခွဲ(မြို့ဦး)ကျောင်းအုပ်ဆရာမကြီး ဒေါ်မေရီမြင့်နှင့်   ဆရာ ဆရာမများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်းသိရသည်။                                

သူရအောင်(နမ့်စန်)