နမ့်ခမ်း ၁၈ မတ်
မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ရောင်စုံဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပသည်။
နွေရာသီကျောင်းပိတ်ရက်များကို နမ့်ခမ်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက် ဖွင့်ရက်များ ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများက စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ လာရောက်ငှါးဖတ်ရှုပြီး စာအုပ်/စာစောင်များလာရောက်ငှားရမ်းဖတ်ရှုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွှင်စရာ ရောင်စုံခြယ်ပြိုင်ပွဲ ကျင်းပသည်။
ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီမောင်ဘဦးက ပျော်ရွှင်စရာဆေးရောင်ခြယ်နှင့်ပက်သတ်၍ ပြောကြားပြီး ကျောင်းသား၊ကျောင်းသူများက ဆေးရောင် ခြယ်ကြကာ ပြိုင်ပွဲတွင် ရပ်ကွက်အတွင်းရှိ ကျောင်းသားကျောင်းသူများ ၂၀ ကျော် လာရောက် ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


