နမ့်ခမ်း ၂၅ ဧပြီ
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒိန်းမတ် လူမှုရေးအဖွဲ့အစည်းတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှုနေ့ အခမ်းအနားကို (၂၄)ရက်နေ့ နံနက်ပိုင်း (၁၀)နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်နောင်မိုရပ်ကွက်ရှိ တိုင်းဧည့်ကြိုခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင့်တင့်ဝင်းက အမှာစကားပြောကြားပြီး Unicef တာဝန်ရှိသူ ဦးယောယိမ်းက ကုလသမ္မဂထံမှ ပေးပို့သော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှုနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ ဒိန်းမတ်လူမှုရေးအဖွဲ့အစည်းမှ တာဝန်ရှိသူ ဦးဇင်မင်းထွန်းက မိုင်းနှင့်ပတ်သက်သော လှုပ်ရှားမှုများအား ရှင်းလင်တင်ပြပြီး ဒိန်းမတ်လူမှုရေးအဖွဲ့အစည်းမှ စီမံကိန်းမန်နေဂျာ ဒေါ်ဖရော်ဆန်ဆိုင်းက မိုင်းနှင့်ပတ်သက်သည့် ကာကွယ်စောင့်ရှောက်ခြင်းနှင့်ဆိုင်သော လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် မိုင်းထိလူနာများအကြောင်း ရိုက်ကူးထားသော ဗွီဒီယိုဖိုင် ဖွင့်လှစ်ပြသပြီး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်ဌာနဆိုင် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ပရိတ်သတ်များအား မိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက်တွင် တက်ရောက်လာကြသူများက လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒိန်းမတ် လူမှုရေးအဖွဲ့အစည်းတို့မှ ခင်းကျင်းပြသ သော မိုင်းအန္တရာယ် အသိပညာပေး ဓာတ်ပုံများနှင့် မိုင်းအန္တရာယ် ကာကွယ်ခြင်း အသုံးအဆောင် ပစ္စည်းများ လေ့လာကြည့်ရှုကြကြောင်း ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


