ဓနုဖြူ  ၇  မတ် 


ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းမှုဆိုင်ရာ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအား မတ်လ ၅ ရက်နေ့၊ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

 

1


ဦးစွာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးမှ အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဝေလင်းမောင် က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်သည်များ ရှင်းလင်း ပြောကြားပေးခဲ့သည်။ ယင်းနောက် တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးမှ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးထံသို့ ပေးအပ်ပြီး၊ သင်တန်း ထူးချွန်ဆုရရှိသော သင်တန်းသူများအား တာဝန်ရှိသူများမှဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ 


ဆက်လက်၍ သင်တန်းနည်းပြဆရာမအား မအူပင်ခရိုင်ကျေးလက်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းလင်းထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များအား ကြည့်ရှုခဲ့ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)

 

1