နတ်တလင်း ၅ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် မေ ၄ ရက် ညနေ ၆ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် နတ်တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားကြီး နတ်လမ်းမှ ဘုံပြဿဒ်များကြိုးခြင်း၊ ရန်ကုန် -ပြည်လမ်း ရထားလမ်းနှင့် ကားလမ်းကြားရှိ သစ်ပင်များကျိုးကြခြင်း၊ အမြစ်မှကျွတ်ထွက်ခြင်း၊ ရပ်ကွက်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များအမိုးလန်ခြင်း၊ နေအိမ်ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် ၃ ရပ်ကွက်နှင် ကျေးရွာ ၇ ရွာမှ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်တော်ကြီးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁၈၂ လုံးမှသွပ် ၂၁၈၁ ချပ် ပျက်စီးခဲ့ကြောင်း၊ နေအိမ်ပြိုလဲ ပျက်စီးသွားသော မိသားစုများကို ဆွေမျိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီနေရာချပေးထားပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ သေကျေထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


