နေပြည်တော် ၂၄    ဧပြီ 
    

 

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ တောင်သာ ကျေးရွာနှင့် မင်းဒင်ကျေးရွာတို့တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရေသွားရောက်လှူဒါန်းခဲ့သည်။
    

 

ထိုသို့လှူဒါန်းရာတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဦးဆောင်၍ တောင်သာကျေးရွာသို့ ရေဂါလန် ၄၀ဝ၀ နှင့် မင်းဒင်ကျေးရွာသို့ ရေဂါလန် ၂၀ဝ၀၊ စုစုပေါင်း ရေဂါလန် ၆၀ဝ၀ ကို အိမ်ထောင်စုအလိုက် သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ပြီး ဥတ္တရသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များအတွင်းရှိ ကျေးရွာများသို့လည်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေး အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆက်လက်ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 


(သတင်းစဉ်)

 

််