ရန်ကုန် ၂၇ ဧပြီ

 

နယ်သာလန်နိုင်ငံ၏   အမျိုးသားနေ့ (King's Day) အထိမ်းအမှတ်  ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အမှတ်(၄၈)၊ ပန်းလှိုင်လမ်းရှိ Atlas Rooftop Bar and Lounge ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Wouter Jurgens နှင့် ဇနီး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ာိည

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် နယ်သာလန်နိုင်ငံ သီချင်းတို့ဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်ကာ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များက နှစ်နိုင်ငံ နိုင်ငံတော်အလံတို့ကို အလေးပြုကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သံအမတ်ကြီးနှင့် ဇနီးတို့က တက်ရောက်လာသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

(သတင်းစဉ်)

 

ာိည