၆ ဖေဖော်ဝါရီ

 

နယူးဇီလန်နိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ ထောင်ပေါင်းများစွာသော ပြည်သူများကို ဘေးကင်းရာသို့ ရွေ့ပြောင်းခဲ့ရသည်ဟု ဆိုသည်။ 

 

အာဏာပိုင်များက ဒေသအချို့အတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ 

 

n2

 

လမ်းများမှာ ပြတ်တောက်သွားခဲ့ပြီးနောက် ကျောင်းများကိုလည်း ပိတ်ထားခဲ့ရသည်။ 

 

ဂိုရီခရိုင်တွင် ကျိုးပေါက်ခဲ့သည်ဆိုသော မာတော်ရာမြစ်တစ်လျောက် သဲအိတ်များသယ်ဆောင်နေသည့် ဒေသခံများကို မြင်တွေ့ခဲ့ရသည်။

 

မြစ်ရေများ ယခုကဲ့သို့ မြင့်တက်လာခြင်းကို မမြင်ဘူးကြောင်း  ဂိုရီခရိုင်မြို့တော်ဝန်ဖြစ်သူ ရေစီဟာကီမှ ပြောကြားခဲ့သည်။ 

 

 

n3

 

 

ယမန်နေ့ညနေပိုင်းတွင် လူပေါင်း ၂၄၀၀ ကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့သော်လည်း အခြားသူများကို ကယ်ဆယ်ရန်လိုအပ်နေသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

နယူးဇီလန်နိုင်ငံ၏ ထိပ်တန်းခရီးသွားနယ်မြေတစ်ခုဖြစ်သည့် Milford Sound အနီးတွင်လည်း  ကမ္ဘာလှည့်ခရီးသည် ၂၃၀ သောင်တင်လျက်ရှိသည်ဟု ဆိုသည်။ 

 

၎င်းတို့အားလုံးကို ရဟတ်ယာဉ်ဖြင့် ကယ်တင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ 

 

ရေကြီးမှုကြောင့် နိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများကို ထိခိုက်နိုင်သည် ဟု ဆိုသည်။ 

 

n4

 

နို့ထွက်ပစ္စည်းစက်ရုံ၏ ပြောကြားချက်မှာ ရေနစ်မြုပ်ရာတွင် လယ်မြေဧက ၁၀၀ခန့်သာ ကျန်ရှိသည်ဟု ဆိုသည်။ 

 

လယ်သမားများက ၎င်း၏ တိရစ္ဆာန်များအတွက် စုဆောင်းထားသည့် မြက်များဆုံးရှုံးသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်