ကင်ဘာရာ ဇွန် ၁၃
ဩစတြေးလျနိုင်ငံသည် မေလ တွင် တုပ်ကွေးရောဂါ ကူးစက်မှု အမြင့်ဆုံးဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။ မေလတွင် တုပ်ကွေး ရောဂါ ကူးစက်ခံရသူ ၆၅၇၇၀ အထိ ရှိခဲ့ကြောင်း အမျိုးသား ရောဂါ စောင့်ကြည့်ရေးစနစ်မှ ထုတ်ပြန်သော နောက်ဆုံးအချက် အလက်အရ သိရသည်။
အဆိုပါ ကူးစက်မှုပမာဏ သည် ၂၀၁၉ ခုနှစ် မေလက စံချိန် တင်ထားခဲ့သော မှတ်တမ်းထက် ၁၀၀ ရာခိုင်နှုန်းကျော် တိုးလာ ကြောင်း၊ ထို့အပြင် ဩစတြေးလျ နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ဇွန် ၅ ရက် အထိ တုပ်ကွေး ရောဂါကူးစက်ခံ ရသူ စုစုပေါင်း ၅၈၇၉၈၉ ဦးအထိ ရှိကြောင်း သိရသည်။
အဆိုပါ ကူးစက်ခံရသူများ ထဲမှ ၄၇၈၆၀ (၅၄ ရာခိုင်နှုန်း) သည်ဆောင်းရာသီတွင် သတ်မှတ် ထားသော ဇွန် ၅ ရက်အထိ ရက်သတ္တနှစ်ပတ်အတွင်း အစီရင် ခံတင်ပြခဲ့ကြောင်း သိရသည်။ ဩစတြေးလျနိုင်ငံ၌ ၂၀၂၂ ခုနှစ် တွင် တုပ်ကွေးနှင့်ဆက်စပ်သောရောဂါကြောင့် သေဆုံးသူ ၂၇ ဦး အထိ ရှိလာပြီး ၇၃၃ ဦးမှာ ဆေးရုံ တွင် ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း သိရသည်။
ဩစတြေးလျနိုင်ငံ၌ ၂၀၂၁ ခုနှစ်က တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေသည် ၁၀၀၀ အောက် လျော့နည်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့် နှစ်တွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေသည် ၂၁၀၀၀ ကျော် ရှိကြောင်း သိရသည်။
ဆင်ဟွာ


