ဩစတြေးလျနိုင်ငံ၌ ဇူလိုင်လအတွင်း အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာ

ဩဂုတ် ၁၇

ဩစတြေးလျနိုင်ငံတွင် ဇူလိုင်လအတွင်း အလုပ်လက်မဲ့နှုန်း သုည ဒသမ ၂ ရာခိုင်နှုန်းမှ ၃ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း  ဩဂုတ်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သြစတြေးလျစာရင်းအင်းဗျူရို ( အေဘီအက်စ် )၏ထုတ်ပြန်ချက်အရ အလုပ်လက်မဲ့ဦးရေ ၃၅၆၀၀ တိုးလာပြီး အလုပ်အကိုင်ရရှိသူဦးရေ ၁၄၆၀၀ ကျဆင်းသွားသည်ဟု သိရသည်။

ယခုနှစ်ပထမနှစ်ဝက်အတွင်း အလုပ်အကိုင်ကျဆင်းမှုသည် ပျမ်းမျှအားဖြင့် လစဉ် လူပေါင်း ၄၂၀၀၀ နီးပါး  များပြားလာသည်။ အလုပ်အကိုင်ရရှိမှုသည် ပြီးခဲ့သည့်ဇူလိုင်လကထက် လူ ၃၈၇၀၀၀ နီးပါး ပိုမိုများပြားလာသည်ဟု အလုပ်သမားစာရင်းအင်းဌာနအကြီးအကဲ ဂျာဗစ်က ပြောသည်။

ဇူလိုင်လက အလုပ်လက်မဲ့ဦးရေ  ၅၄၁၀၀၀ ထိရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီအချိန်ကထက် ပိုမိုနည်းပါးနေသေးကြောင်း ဖော်ပြထားသည်။

လစဉ်အလုပ်ချိန်များသည် ဇူလိုင်လတွင် သုည ဒသမ ၂ ရာခိုင်နှုန်းအထိ ထိုးတက်သွားသည်ဟု  အေဘီအက်စ်၏ အချက်အလက်ဖော်ပြချက်များအရ သိရသည်။

အလုပ်ချိန်များသည်   ၂၀၂၂ ခုနှစ် ဇူလိုင်လထက်  ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး နှစ်စဉ် အလုပ်အကိုင်ရရှိမှု ၂ ဒသမ ၈ ရာခိုင်နှုန်း များပြားလာကြောင်း ဂျာဗစ်က ပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို