ပဲခူး နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲတော်ကို နိုဝင်ဘာ ၆ ရက် ညပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း၌ ကျင်းပရာ ဒေသခံပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ပဲခူးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ (ပထမ)နေ့တွင် နေ့အရုပ် မီးပုံးကြီး ခုနစ်လုံး လွှတ်တင်ခြင်း၊ မီးစကြာ ၁၀၀၀ ဖြင့် လှည့်လည်ပူဇော်ခြင်း၊ မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခြင်း၊ မီးပုံးပျံအသေး ၅၀၀ အား ပြည်သူများက စုပေါင်းလွှတ်တင်ခြင်း၊ စိန်နားပန်မီးပုံးကြီး ခုနစ်လုံး လွှတ်တင်ခြင်း၊ နိုင်ငံကျော် အနုပညာရှင်များ၏ တေးဂီတ ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပွဲတော်ကြီးအား နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ သုံးညတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)


