ပဲခူး ၂၈ ဧပြီ 

 


ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ နော်ဝေနိုင်ငံ Nava လူမှုရေးအသင်းအဖွဲ့နှင့် ပဲခူးမြို့ပေါ် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ဧပြီ (၂၈)ရက် နံနက် ၆ နာရီခွဲက ပဲခူးမြို့ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့နှင့် ကျွန်းသာယာရပ်ကွက် ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်း ရေကန်ပတ်လည်တို့တွင် စုပေါင်းအမှိုက်ကောက်ခြင်းများ ပြုလုပ်ကြပြီး အဆိုပါ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 


ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး အတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်ခြင်းကို တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ ဦးဆောင်သော တရားရေးဝန်ထမ်းများက ပြုလုပ်ကြပြီး ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်း ရေကန်ပတ်လည်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံဦးဆောင်၍ စည်ပင်သာယာဝန်ထမ်းများ၊ စည်ပင်သာယာကော်မတီဝင်များ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ ပရဟိတအသင်းအဖွဲ့များ စုပေါင်းပြုလုပ်ကြကြောင်း သိရသည်။

 


ဟိန်းထက်(ပဲခူး)

 

dds