ပဲခူး ဇွန် ၁၉

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဒိုက်ဦးမြို့နယ် ရွှေဖြူရတနာ ရော်ဘာခြံ ရောက်ရှိပြီး ရော်ဘာခြံများအတွင်း ရိုဘက်စတာကော်ဖီသီးညှပ် တိုးချဲ့စိုက်ပျိုး ပဲခူး နိုင်ရေး ပျိုးပင်ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ရာ ပဲခူး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးက ရိုဘက်စတာ ကော်ဖီစိုက်ပျိုးရမည့် နည်းပညာများ၊ ဈေးကွက်ဝင်မှု အခြေအနေများနှင့် ပဲခူးမြို့နယ်ရှိ ရော်ဘာခြံ များတွင် ရိုဘက်စတာကော်ဖီစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှုတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရော်ဘာစိုက် ကုမ္ပဏီများ၊ ရော်ဘာစိုက်တောင်သူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ရိုဘက်စတာ ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ရွှေဖြူရတနာရော်ဘာခြံအတွင်း ရိုဘက်စတာကော်ဖီပင်များ စိုက်ပျိုးပေးကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့နယ် လေးအိမ်စုကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးစိုးဝင်းနှင့် ဦးသောင်းထွန်းမင်းတို့၏ ဒေသနွားကောင်ရေ ၃၅ ၃၅ ကောင် မွေးမြူ ထားရှိမှုကို ကြည့်ရှုအားပေးပြီး နေဗီယာမြက် စိုက်ပျိုးရန်နှင့် မျိုးချောင်းဖြင့် မေထုန်မဲ့ သားစပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ယင်းနောက် ဒိုးတန်းကျေးရွာ မိုးစပါးအား ကြိုတင်ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်မှသာလျှင် မိသားစုဝင်ငွေတိုးတက် လာမည်ဖြစ်ကာ စက်မှုလယ်ယာပြောင်းလဲမှသာလျှင် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိလာနိုင်မည် ဖြစ်၍ မိရိုးဖလာစိုက်နည်းစနစ်များနှင့် သက်တမ်းကြာမျိုးများကို မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးကြရန် ညွှန်ကြားခဲ့ပြီး မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ပေးအပ်သည်။

 

ထို့နောက် ဒိုက်ဦးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ် သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးပြီး စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်သည့် ကျောင်းသား ကျောင်းသူ များအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ရှမ်းစုကျေးရွာ၌ စိုက်ပျိုးရေးကိရိယာ စွန့်ဦးတီထွင်သူ ဦးရွှေကြီး၏ ရိတ်သိမ်းခြွေလှေ့စက် အဟောင်းဖြင့် ရေကြီးရေနက်ကွင်းများတွင် ထွန်ယက်စက်တီထွင်၍ စမ်းသပ်မောင်းနှင်နေမှုကို ကြည့်ရှုအားပေးပြီး ဒေသတွင်း စက်အဟောင်း များအား ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှု အပေါ် အားပေးလျက်ရှိကြောင်း ပြောကြားကာ မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိနေသည့် ခြံစည်းရိုးချိန်းလင့်နှင့် ကွန်ကရစ်တိုင်လုပ်ငန်းကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့နယ် အမရစံပြကျေးရွာ၌ မွေးမြူ ရေးလုပ်ငန်းရှင် ဦးဇော်လွင်၏ ဥစားဘဲ သဘာဝအတိုင်း မွေးမြူထားရှိနေမှုကို ကြည့်ရှုအားပေးပြီး သဘာဝဘဲမွေးမြူခြင်းသည် မိုးစပါးကို ဖျက်ဆီး သည့် ရွှေခရုနှိမ်နင်းခြင်းအတွက် အလွန်အကျိုး ရှိခြင်းနှင့် ဒေသတွင်း ဥစားသုံးမှုဖူလုံစေရေးတို့အတွက် အထောက်အကူပြုသဖြင့် ဥစားဘဲ မွေးမြူရေး လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)