ပြည်    နိုဝင်ဘာ    ၁၆

 

စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမင်းသည် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

 

ဆွေးနွေးပြောကြား

 

ထိုသို့တွေ့ဆုံရာတွင် စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူးက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးနှံအလိုက် စိုက်ဧကနှင့်   အထွက်နှုန်းများ ကိန်းဂဏန်း စာရင်းဇယားမှန်ကန်ရေး၊     အဓိကသီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး၊ ပြည်ပပို့ကုန် သီးနှံများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်နှုန်း ကွာဟချက်အပေါ် ဆန်းစစ်လေ့လာဆောင်ရွက်ရေး၊   သီးနှံစုံအကန့်လိုက် စိုက်ပျိုးခြင်းအား တောင်သူပညာပေး စိုက်ပျိုးပြသရေး၊  ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) များ အထွက်နှုန်း တိုးတက်ရေးနှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

ကိုဆက်(ပြန်/ဆက်)