ပဲခူး ၂၆ မတ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တာဝန်ရှိသူများလိုက်ပါ၍ ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည့် ပဲခူးတက္ကသိုလ်အတွင်းရှိ ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့ညနေ (၄) နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

1

 

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဘွဲ့နှင်းသဘင်ခန်းမတွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်းကျောက်စာများ၊ ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များ ခင်းကျင်းပြသထားမှုများ၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ခင်ကျင်းပြသရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

22

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တက္ကသိုလ်စာကြည့်တိုက်အတွင်း ခင်းကျင်းပြသရန် စီစဉ်ထားရှိမှုများနှင့် တက္ကသိုလ်ဘောလုံးကွင်းအတွင်း ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဝေလျှံ