တမူး ၂၆ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ရှိ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်သားများအား နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ဧပြီ ၂၆ ရက်က စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။

 

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် မြို့သစ်မြို့အကျဉ်းစခန်းမှ ၁၂၆ ဦး၊ ဗန္ဓုလအကျဉ်းစခန်းမှ ၁၂၉ ဦး၊ သနန်အကျဉ်းစခန်းမှ ၁၃၇ ဦး၊ အုတ်ဖိုကန်ဘောင် အကျဉ်းစခန်းမှ ၁၀၇ ဦး၊ စုစုပေါင်း ၄၉၉ ဦး  လွတ်မြောက်ခဲ့ကြောင်း သိရသည်။

 

ထွန်းမင်းအောင်(ကဘော်မြေ)