မော်စကို   ဖေဖော်ဝါရီ   ၄

ရုရှားသမ္မတဗလာဒီမာပူတင်သည် သောကြာနေ့တွင် ဖွင့်လှစ်မည့် တရုတ်ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ တက်ရောက်ရန် စီစဉ်ထား သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် မျှော်လင့်ထားပြီးအပေါ် အမြင်ချင်းဖလှယ်ကြမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးသည် ၂၀၁၉ နိုဝင်ဘာ မှစတင်ကာ နှစ်နိုင်ငံခေါင်းဆောင် သမ္မတနှစ်ဦးကြား ပထမဆုံး လူချင်းတွေ့ဆုံမည့် အစည်းအဝေးဖြစ်လိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက သတင်း ထုတ်ပြန်သည်။

သိသာထင်ရှားသည့် အချိန်များကို အမြင်ချင်းဖလှယ်ရင်း ကုန်ဆုံးမည်ဖြစ်ကြောင်းနှင့် အဆိုပါ တွေ့ဆုံ မှုတွင် ရုရှားသည် အမေရိကန်ပြည်ထောင်စုနှင့် နေတိုးအဖွဲ့တို့နှင့်တွေ့ဆုံဆွေးနွေးမှုများကိုလည်း ထည့်သွင်းဆွေးနွေးသွားဖွယ်ရှိကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြီးခဲ့သော သောကြာနေ့က သတင်းထောက်များကို ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၃ ရက်က တရုတ်နိုင်ငံပိုင် သတင်းမီဒီယာသည် ပူတင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ပူတင်က နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပူတင်က ကုလသမဂ္ဂနှင့် တခြားအဖွဲ့အစည်းများတွင် နှစ်နိုင်ငံနီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သွားရန်လည်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ