ပေါင် နိုဝင်ဘာ ၁၂
မွန်ပြည်နယ် ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အထက(ပေါင်)ရွှေရတုခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများကို ဟောပြောပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် ပညာပေး video clip ကို ပြသသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


