ဖောင်းပြင်  ၂၈  ဧပြီ

 


စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၈ နာရီက ဖောင်းပြင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

အခမ်းအနားတွင်  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဇေယျာဝင်းက အသိပညာပေး ဟောပြောရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်က စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် စားသောက်ကုန်၊ အလှကုန်၊ အခြားလူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများသုံးစွဲရာတွင် သိထားသင့်သော အချက်များ၊ စားသုံးသူများ ထိခိုက်နစ်နာမှုများ ရှိလာပါက မိမိတို့ဌာနအနေဖြင့် အရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် နီးစပ်ရာ တိုင်စာပုံးများသို့လည်းကောင်း၊ ဖုန်းဖြင့်ဆက်သွယ်၍ လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ ကုန်သည်ကြီးများအနေဖြင့် မိမိတို့ကုန်ပစ္စည်းများအား သေချာစိစစ်ပြီးမှ တင်ဆောင်ကြမည်ဖြစ်ပြီး ထုတ်လုပ်သည့် ကမ္ပဏီများကလည်း ထုတ်ကုန်အရည်အသွေးများ မြင့်မားလာကြမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဖောင်းပြင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဆေးအရောင်းဆိုင်များနှင့် ကုန်စုံဆိုင်ကြီးများအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာအုပ်စု ၄၂ အုပ်စုတွင် တိုင်စာပုံးများထားရှိကြောင်း အဆိုပါဌာနက သိရသည်။

 

MDN

 

ddd