ဖလမ်း ၄ မတ်

 

ဖလမ်းမြို့ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း ပထမဆုံးအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းကို မတ် ၄ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဖဲဆောင်က အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်များကို လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးမြင့်က ကျောင်းသား/ကျောင်းသူများအား ပေးအပ်သည်။

 

ဆက်လက်၍ သင်တန်းကာလ(၃)နှစ်အတွင်း အထူးချွန်ဆုံး သင်တန်းသူ(၄)ဦးအား ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူးက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ယင်းနောက် လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ကြီးက ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲ မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းသည်။

 

ချင်းပြည်နယ်တွင် တစ်ခုတည်းသော လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် (၃)နှစ်တာကာလ စာတွေ့၊ လက်တွေ့ဖြင့် တက်ရောက်ပညာသင်ကြားပြီး အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ (၄၀)ဦးအား ပထမဆုံးအကြိမ်ဖြင့် စိုက်ပျိုးရေး ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းနိုင်ခဲ့ပြီး အဆိုပါထဲမှ ထူးချွန်ကျောင်းသူ (၄)ဦးအား ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရန် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

 

ဂျွန်