လွိုင်လင် ဇူလိုင် ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့ရှိ Polytechnic University (Pang Long) Faculty of Computing ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူး ခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပသည်။
ဦးစွာ ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ) ကွန်ပျူတာမဟာဌာန ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်က အမှာစကားပြောကြားပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် ဒုရဲမှူး တင်မောင်မြင့် က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ အမှတ် ၁၁၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူး ကျော်ဇေယျက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများနှင့် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်းကောင်း အသိပညာပေး ဟောပြောကြသည်။
လွိုင်လင်မိုး


