အစ္စလာမ္မာဘတ် ဇူလိုင် ၁၄

ပါကစ္စတန်နိုင်ငံတစ်ဝန်း ဇွန်   ၂၆   ရက်မှ   ဇူလိုင်  ၁၂  ရက်အတွင်း မိုးသည်းထန်စွာ            ရွာသွန်းပြီး  ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၁၀၄  ဦးခန့် သေဆုံးကာ ၂၀၀  ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ်  စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)က    ဇူလိုင်   ၁၃ ရက်တွင် ပြောသည်။

မိုးရွာသွန်းမှုနှင့် ဆက်စပ်သော ဖြစ်ရပ်များကြောင့်  လွန်ခဲ့သော ၂၄   နာရီအတွင်း  ခြောက်ဦး သေဆုံးကာ ၁၅  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  အင်န်ဒီအမ်အေက ပြောသည်။ နိုင်ငံ၏ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၌  ၃၉  ဦး သေဆုံးမှုဖြစ်ပွားခဲ့သဖြင့် အများဆုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ယင်းနောက်တွင်   နိုင်ငံအနောက်မြောက်ပိုင်း     ခီဘာပတ်ထွန်းခွာ ပြည်နယ်၌    ၃၁    ဦး၊     နိုင်ငံ တောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ ၁၇  ဦးနှင့် နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချစ်စတန်ပြည်နယ်၌ ၁၆ ဦး ဖြင့်   အများဆုံးဖြစ်ကြောင်း   သိရသည်။

လာမည့်ရက်များအတွင်း မိုးပိုမိုရွာသွန်းနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက်ထုတ်ပြန် ထားပြီး မြေနိမ့်ပိုင်းဒေသများနှင့် ရေကြီးမှုအန္တရာယ် ကြုံတွေ့နိုင်သော   ဒေသများတွင်   နေထိုင် သည့် ပြည်သူများအနေဖြင့်   ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားကြရန်  တိုက်တွန်း နှိုးဆော်ထားသည်။

ရေကြီးရေလျှံမှုဒဏ်    အဆိုးရွားဆုံးခံရသည့်   ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း  သိရသည်။                        

ဆင်ဟွာ