ဇွန် ၂၄
အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ ယမန်နေ့တစ်ရက်အတွင်း အာဖဂန်ဒုက္ခသည်မိသားစု ၁၅၀၀ နီးပါး ၎င်းတို့၏နေရပ်သို့ပြန်လာကြောင်း ဘာ့ထာသတင်းအေဂျင်စီက ယနေ့တွင် ပြောကြားသည်။
အာဖဂန်ဒုက္ခသည်မိသားစု ၁၄၆၉ ဦးသည် နယ်စပ်ဖြတ်ကျော်ဂိတ်များမှတစ်ဆင့်နေရပ်ပြန်လာကြောင်းနှင့် ၎င်းတို့အနက်အများစုမှာ အီရန်နိုင်ငံမှနေရပ်ပြန်များဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ထပ်လောင်းဖော်ပြထားသည်။
အာဖဂန်အာဏာပိုင်များက နေရပ်ပြန်မိသားစုများအားလုံးကို နယ်စပ်ဖြတ်ကျော်ဂိတ်များတွင် လက်ခံကြိုဆိုပြီး လိုအပ်သောအကူအညီများပေးအပ်ခဲ့သည်ဟု သိရသည်။
ဇွန် ၁၃ ရက်က တီဟီရန်တွင် အစ္စရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီးနောက်တွင် အီရန်နိုင်ငံမှအာဖဂန်ဒုက္ခသည်များ နေရပ်ပြန်မှုများပြားခဲ့ကြောင်း ဖော်ပြထားသည်။
နှစ်နှစ်နီးပါးအတွင်း အာဖဂန်ဒုက္ခသည် နှစ်သန်းခန့် နေရပ်ပြန်လာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


