ပခုက္ကူ ၄ မေ

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများနှင့် အလှူရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ မေ ၄ ရက်က သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ရေစကြိုမြို့နယ်၊ ကွမ်းစီကန်ကျေးရွာသို့သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းခဲ့ကြသည်။

       

အဆိုပါသောက်သုံးရေ ရေစကြိုမြို့နယ်၊ ထန်းငယ်တော ကျေးရွာအုပ်စု၊ ကွမ်းစီကန်ကျေးရွာမှ  ကျေးရွာနေပြည်သူ အိမ်ခြေ (၁၈၁)၊ အိမ်ထောင်စု (၁၈၈)၊ လူဦးရေ (၉၃၁)ဦး သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေမှုအား ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ BNU Family ပရဟိတ လူငယ်များအသင်း၊ အောက်ဆီဂျင် အခမဲ့ကူညီရေး အသင်းများနှင့်အတူ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေ ဂါလံ (၇၂၀ဝ)အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

             

ရေစကြိုမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု (၈၁)အုပ်စု ကျေးရွာပေါင်း (၂၄၅)ရွာရှိပြီး အဆိုပါ ကျေးရွာများအနက်မှ မြေသားရေကန် အသုံးပြုနေရသော ကျေးရွာများမှာ မိုးရွာသွန်းမှုနည်းပါခြင်းကြောင့် ရေရှားပါးမှု ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)

 

1