ပခုက္ကူ ၅ မေ
(၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနစခန်းတွင် မေ ၅ ရက်နေ့ နံနက် ၇ နာရီက ကျင်းပရာ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ် (၂၅)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့များက ပြောင်းလဲလာသည့် ပေးအပ်ထားသော မီးသတ်ယာဉ်များ၊ စက်ပစ္စည်းကိရိယာများဖြင့် ရှာဖွေရေး ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းရည်ပြသကြသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်နှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ၊ အရန်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ကိုတမာ


