ပလောက် ၇  မတ်     


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စု၊ ကြပ်ချောင်းကျေးရွာနှင့် ကန်မော်ကလေးကျေးရွာ၌ ကျန်းမာရေးဌာနမှ ဆေးစိမ်ခြင်ထောင်များကို မတ်လ ၆ ရက်နေ့က အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။


အဆိုပါပေးအပ်ရာတွင် ပလောက်မြို့၊ ခန္တီကျေးရွာကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးစောငွေသိန်းနှင့်အဖွဲ့က ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ စသည့်ရောဂါများ ကင်းဝေးစေရန်အတွက် ကြပ်ချောင်းကျေးရွာတွင် ဆေးစိမ်ခြင်ထောင် အလုံး  ၁၂၀၊ ကန်မော်ကလေးကျေးရွာတွင် ဆေးစိမ်ခြင်ထောင် အလုံး ၃၅၀ အခမဲ့ ပေးဝေခဲ့ကြောင်း သိရှိရသည်။


နိုင်ဦး(ပလောက် ပြန်/ဆက်)