ပင်လည်ဘူး  ၈  မတ်  

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရေရှားပါးသည့် ကျေးရွာများတွင် နွေရာသီ သောက်သုံးရေများပြတ်လပ်မှုမရှိအောင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချောင်းကွေ့ကျေးရွာနှင့် ကညင်ကုန်းကျေးရွာတို့တွင် တွင်းနက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ချောင်းကွေ့ကျေးရွာ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ရန်ပုံငွေကျပ်သိန်း(၁၂၀)နှင့် ကညင်ကုန်း ကျေးရွာ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေ ကျပ်(၁၁၅)သိန်းတို့ဖြင့် ဆောင်ရွက်ရာ တွင်းနက်တူးဖော်ခြင်းကို Machin Pole Star ကုမ္ပဏီမှ တာဝန်ယူပြီး ဖေဖော်ဝါရီလက စတင် တူးဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ရေတွင်းများ တူးဖော်ပြီးစီးပါက အဆိုပါကျေးရွာများရှိ ကျေးရွာပြည်သူများ သောက်သုံးရေများကို လုံလောက်စွာ ခပ်ယူသုံးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။


မျိုးလွင်(ပင်လည်ဘူး) 

 

received_9