၂၀၂၂ခုနှစ်၊ မတ်  ၆ ရက် နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်

 

ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Coco Island) မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၆၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun) မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၇၅၀) မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ (Trincomale) မြို့၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင် (၁၈၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ် (Nagapattinam) မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၁၅၀) မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry) မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၅၀) မိုင်ခန့်နှင့် ချင်းနိုင် (Chennai) မြို့၏ အရှေ့ - အရှေ့တောင်ဘက် ရေမိုင် (၁၅၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅) မိုင်၊ တစ်ခါတစ်ရံ မိုင် (၃၀) ရှိနိုင်သည်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၅)ပေမှ (၈)ပေခန့် ရှိနိုင်သည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်အနေဖြင့်  နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်ရှိနိုင်သည်။ ရေပြင်လေသည် မြောက်(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅) မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀) ရှိနိုင်သည်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ (၅) ပေမှ (၈) ပေခန့် ရှိနိုင်သည်။

 

Credit> မိုးဇလ