၂၀၂၂ခုနှစ်၊ ဩဂုတ် ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲထုတ်ပြန်ချက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေသည်။
ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် နေရာအနှံအပြား မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေ အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀) မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့် (၅)ပေမှ (၈)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ အမြင်တာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေ မြောက်(သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့် (၅)ပေမှ (၈)ပေခန့်။
Credit> မိုးဇလ


