(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် နောက် (၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန် - ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၈)ပေမှ (၁၀)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၈)ပေမှ (၁၀)ပေခန့်။
Crd>>>မိုး/ဇလ


