၂၀၂၂ ခုနှစ်၊ အောက်တိုဘာ  ၂၅ ရက်နေ့၊ နံနက် ၁၀နာရီခွဲ ထုတ်ပြန်ချက်

 

ယနေ့မြန်မာစံတော်ချိန် ၉ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း၌ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်သည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ အားလျော့သွားမည်ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ အမြင်တာမှာ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် တောင်(သို့) အရှေ့တောင်၊ တစ်နာရီ ပင်လယ်မိုင် (၁၀ - ၁၅) မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် ရှိနိုင်သည်။ လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်မှာ (၅)ပေမှ (၈)ပေခန့် ရှိနိုင်သည်။

 

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း  မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်သည်။ အမြင်တာမှာ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့် ရှိနိုင်သည်။ ရေပြင်လေသည် တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀) မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀) ခန့်ရှိနိုင်သည်။ လှိုင်းကြီးမည်။ လှိုင်းအမြင့်မှာ  (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်သည်။

 

Credit> မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန