ပြင်သစ်နိုင်ငံ၌ လူသုံးဦးလိုက်ပါလာသောခရီးသွားလေယာဉ်ပျက်ကျမှုဖြစ်ပွား

ဩဂုတ် ၁၆

ပြင်သစ်နိုင်ငံအနောက်ပိုင်း Loire-Atlantique ဒေသတွင် ယမန်နေ့က လူသုံးဦးလိုက်ပါလာသော ခရီးသွားလေယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

အဆိုပါခရီးသွားလေယာဉ်သည် Loire-Atlantique ဒေသ နန်တက်နှင့်လာဘူလီမြို့တို့အကြားတွင်  ယမန်နေ့ မွန်းလွဲပိုင်းဝန်းကျင်က ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မီးသတ်သမားများက ထိုလေယာဉ်အပိုင်းအစများကို ပင်လယ်ရေမျက်နှာပြင်အနက် ၃ မှ ၄ မီတာအတွင်းတွင် တွေ့ရှိခဲ့သည်။

သို့ရာတွင် ရာသီဉတုအခြေအနေကောင်းမွန်မှုမရှိသောကြောင့် ယမန်နေ့ညနေပိုင်းက ယင်းကယ်ဆယ်ရေးလုပ်ငန်းကို ဆိုင်းငံ့ထားခဲ့ရသည်။

၎င်းလေယာဉ်ပေါ်ပါသုံးဦးနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း ဖော်ပြ ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို