ဩဂုတ် ၇

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် တစ်ဦးထက်မနည်းသေဆုံးပြီး အခြားသုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဩဂုတ်လ ၅ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညနေပိုင်းကအထိ မြေဟက်တာ ၁၆၀၀၀ ကျော် လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးသတ်ယာဉ်အစီးရေ ၅၀၀ ခန့်ဖြင့် ငြှိမ်းသတ်လုပ်ဆောင်လျက်ရှိသော်လည်း တောမီး ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်ဟု သိရသည်။ ရိုက်တာသတင်းအေဂျင်စီတွင် မီးသတ်လေယာဉ်ဖြင့် ရေများပက်ဖျန်းနေပုံကို ပြသထားသည်။

ပြင်သစ်ဝန်ကြီးချုပ်က တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ယမန်နေ့ကသွားရောက်ခဲ့ကြောင်း၊ ထိုမီးလောင်မှုသည် ရာသီဉတုပြောင်းလဲမှု၊ မိုးခေါင်ရေရှားပါးမှုတို့နှင့်ဆက်စပ်ကြောင်း ၎င်းကပြောကြားသည်။

ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြိမ်အရေအတွက်များပြားခဲ့ရာ လွန်ခဲ့သောလက တောင်ပိုင်း မာစီလတ်မြို့၏ဆင်ခြေဖုံးတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူ ၃၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို