ပင်းတယ ၂၃ ဧပြီ     

 


ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ကျက်သရေဆောင် ရှေးသမိုင်းဝင် ပုန်းတလုတ်ရေကန်အတွင်း၌ ငါးပိုက်များကို ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီ အချိန်က တာဝန်ရှိသူများက ရှာဖွေ့တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

ေေ

 


အဆိုပါ ငါးဖမ်းပိုက်များ ရှာဖွေသိမ်းဆည်းမှုများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးနေမျိုးကျော်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့်အတူ ကျွမ်းကျင်ရေငုတ် သမား ၄ ဦးတို့က ရေအနက် ၁၄ ပေခန့်ရှိသည့် ပုန်းတလုတ်ရေကန်အတွင်း၌ အမည်မသိ သူများချထားသည့် ငါးဖမ်းပိုက်များကို ငါးများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ငါးဖမ်း ပိုက်များတွင်မိလျက်ရှိသည့် ငါးအရှင်များကို ရေကန်အတွင်းသို့ပြန်လည်လွှတ်ပေးခဲ့ပြီး ငါးဖမ်း ပိုက်များကို မြို့နယ်စည်ပင်ရုံးရှေ့ မြေကွက်လပ်၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်းသိရသည်။

 

ခင်မျိုးနွယ်(ပြန်/ဆက်)

 

ိ