ပင်းတယ ၈ မေ
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ပင်းတယမြို့ မြန်မာ့လယ်ယာဖွံ့ဖြိးရေးဘဏ်မှ ပင်းတယမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် တောင်သူများအတွက် မိုးရာသီသီးနှံများကို မေ ၆ ရက်မှ စတင်ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးရာသီ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများအဖြစ် မေ ၆ ရက်တွင် ညောင်ကောက်ကျေးရွာမှ စပါးစိုက်တောင်သူ ၈၁ ဦး မိုးစပါးစိုက်ဧက ၂၇၇ ဧကအတွက် ချေးငွေ ကျပ် ၁၅၅၀ဝ၀ဝ ကို တောင်သူများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ထုန်ချေးပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၄ အုပ်စုတွင် တောင်သူ ၂၆၅၀ ဦးအား စပါးစိုက် ဧက ၁၁၅၀ဝ နှင့် အခြားသီးနှံများအတွက် စိုက်ဧက ၁၈၀ဝ တို့အတွက် စုစုပေါင်းချေးငွေကျပ် ၁၉၀၅၀ဝ၀ဝဝ ကို ထုတ်ချေးပေးရန် လျာထားပြီး စိုက်ပျိုးချေးငွေများကို တောင်သူများထံသို့ အချိန်မီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


